Duration 15:8

ဘဏ်စနစ် ပြိုလဲနိုင်ခြေရှိလား - BBC News မြန်မာ

192 964 watched
0
5.1 K
Published 8 May 2021

ဘဏ်စနစ် ပြိုလဲနိုင်ခြေရှိလား စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူတွေ ကြုံကြရတဲ့ အခက်အခဲတွေ အများကြီး ရှိတဲ့ အထဲမှာ ဒီတပတ်တော့ ဘဏ်တွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ကြည့်ကြရအောင်ပါ။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဘဏ်လုပ်ငန်းတွေ ပုံမှန် လည်ပတ်နိုင်ခြင်း မရှိအပြင် အရင်က အသားတကျရှိခဲ့တဲ့ ငွေပေး ငွေချေစနစ်က ရပ်သလောက် ဖြစ်သွားပြီး လူတွေက ငွေသားကိုပဲ ကိုင်သုံးကြတဲ့ အခြေအနေဖြစ်လာပါတယ်။ ဘဏ်တွေမှာ အပ်ထားတဲ့ငွေတွေကို လူတွေသွားထုတ်ကြတဲ့အခါ ဘဏ်တွေက အကန့်အသတ်နဲ့သာ ထုတ်ပေးတဲ့အတွက် အခက်အခဲအမျိုးမျိုး ဖြစ်ကြရပြီး စိုးရိမ်စိတ်တွေလည်း ပိုတိုးလာကြပါတယ်။ တချိန်တည်းမှာ ပြည်သူတွေက ဘဏ်တွေကို ယုံကြည်မှုလျော့လာလို့ သူတို့ လက်ထဲမှာရှိတဲ့ ငွေတွေကို ဘဏ်မှာ လာမအပ်တော့ဘဲ အပ်ပြီးသားငွေတွေကို ထုတ်ဖို့ပဲ ပြင်ဆင်ကြပါတယ်။ လူတွေ ငွေထုတ်ယူတာများလာရင် ဘဏ်စနစ် ပြိုလဲသွားလေမလား ဆိုပြီးစိုးရိမ်နေကြတာတွေလည်း တွေ့ရပါတယ်။ ဒီတော့ ဘဏ်စနစ် ပြိုလဲနိုင်တဲ့ အခြေအနေ ရှိပါသလား။ ဗဟိုဘဏ် ဘက်က ဘာတွေ လုပ်ဆောင်နေပါသလဲ။ လောလောဆယ် ဘာအခက်အခဲတွေများ ရှိနေပါသလဲ။ တစ်ပတ်အတွင်းသတင်းမြင်ကွင်းမှာ မရီရီအောင်က စုစည်းတင်ဆက်ထားပါတယ်။ ဘီဘီစီမြန်မာပိုင်း

Category

Show more

Comments - 245